သနပ်ပင်မြို့နယ်တွင် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆ )များအား Software Programme ကွန်ပျူတာရေး သွင်းနည်းဆင့်ပွားသင်တန်းဖွင့်လှစ်

သနပ်ပင် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)အား Computer Software  ရေးသွင်းနည်း ဆင့်ပွားသင်တန်းကို  ယနေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်အတွင်း ဆောင်ရွက်ပြီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များအားအခြေခံ၍ တိကျမှန်ကန်သော အိမ်ထောင်စုလူဦးရေးစာရင်း(၆၆/) ဖြစ်စေရေးအတွက်  Program စနစ်တစ်ခုဖြင့် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း လူဦးစာရင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်လိုအပ်လာလျှင်လည်းကောင်း၊ မှန်ကန်တိကျသော အထောက်အထား များကိုအမြန်ဆုံး သိရှိအထောက်အကူဖြစ်စေရန်အတွက် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/)များအား Software Progam  ထည့်သွင်းနိုင်ရေး သင်တန်းပို့ချ ရခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးတင်ဌေးက ရှင်းလင်းပြောကြားပြီး အဆိုပါဆင့်ပွားသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက် မြို့နယ်ဦးစီးမှူးဦးတင်ဌေးနှင့် ဝန်ထမ်းများ သင်တန်းပိုချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆) Computer Software Program  ထည့်သွင်းခြင်းသင်တန်းအား ဌာနဆိုင်ရာအသီးသီးမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်း(၃၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)