မအူပင်မြို့နယ်၌ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မအူပင် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး စိမ်းလန်းစိုပြေစေရန်နှင့် သစ်တောသစ်ပင်များ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်လျက် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို မအူပင်မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ဇူလိုင်လ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ အလန်းကြီးကျေးရွာအပိုင် မအူပင်-ကျိုက်လတ် ကားလမ်းဘေးနှင့်ငါးကြီးဂရက်ကျေးရွာ စက်မှုဇုန်ဝန်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲနှင့်ကျေးရွာ ထင်းစိုက်ခင်း(၂)ဧကတို့အား သေပင်ဖာထေးခြင်း၊ ပေါင်းရှင်းခြင်းနှင့် မြေဩဇာကျွေးခြင်း လုပ်ငန်းများကို မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)