ဒေးဒရဲ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် အစီအစဉ်အရ ယမန်နေ့ နေ့လယ်ပိုင်းက မြစိမ်းရောင် အသားကဏ္ဍကျေးရွာများဖြစ်သည့် သက္ကယ်ချောင်ကျေးရွာအုပ်စု၊ သဗြုချောင်းကျေးရွာနှင့် ဘုရားကလေးကွင်းကျေးရွာအုပ်စုတို့တွင် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကိုကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုန့်ပြန်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရာတွင် မြိုနယ်ဦးစီးမှူး ဒေါက်တာလှိုင်ဘုန်းမြင့်က အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ ဖွဲ့စည်း၍ ဒေသတွင်းမွေးမြူရေးတောင်သူများ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့် ရောဂါပြန့်ပွားမှုကို အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ်နိုင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်းဖြန့်ဝေပေးခြင်းနှင့် ကျေးရွာအတွင်းရှိ ကျွဲ၊ နွားများတွင် ခွာနာလျှာနာရောဂါ မဖြစ်ပွားစေရေး ကာကွယ်ဆေးများထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း