စစ်ကိုင်း ဇူလိုင် ၁၇
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (အငြိမ်းစား) ဝန်ထမ်းတစ်ဦးနှင့် ပူးပေါင်း၍ (၇၅)နှစ်မြောက်၊ အာဇာနည်နေ့သိကောင်းစရာ Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ဇူလိုင်(၁၇)ရက်၊ နံနက်(၁၀) နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ရှင်းလင်းဆွေးနွေးပြီး စစ်ကိုင်းမြို့၊ ဇေယျာရပ် ကွက်နေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (အငြိမ်းစား)ဝန်ထမ်းဖြစ်သူ တစ်ဦးက လူငယ်/ လူရွယ် လေးများ အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို ဆွေးနွေးပြောကြားရာ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားသည်မှ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ် လပ်ရေးကြိုးပမ်းမှုများကို အစဉ်မမေ့စေရန် ဦးဆောင်ဆွေးနွေးပေးခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန် စာအုပ်/ စာစောင်များအခမဲ့ငှားရမ်းပေးခြင်း၊ အခါအားလျော်စွာ Talk Show များကျင်းပဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်