စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂၊၂၀၂၃ ခုနှစ် ဘဏ္ဏာရေးနှစ် စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ကိုင်ရန် အစည်းအဝေးပြုလုပ်ခြင်းနှင့် စည်ပင်သာယာ ပန်းခြံအတွင်း ပန်းအလှပင်နှင့် ယိုးဒယားဘဲစားမြက်နှင့် ဂျပန်မြက်အလှစိုက်ပျိုး

စလင်း  ဇူလိုင်  ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂၊၂၀၂၃ ခုနှစ် ဘဏ္ဏာနှစ်တွင် စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်း အဝေးခန်းမဆောင်တွင် စည်ပင်သာယာရေးအဖွဲ့ ကော်မတီဝင်များနှင့် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့၂၀၂၂၊၂၀၂၃ ခုနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းကို စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရုံးဝန်းအတွင်းအပြင် သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ကြပြီး၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ကော်မတီဝင်များမှ စည်ပင်သာယာပန်းခြံအတွင်း ပန်းအလှပင်များ စိုက်ပျိုးခြင်းနှင့် ယိုးဒယာဘဲစားမြက်နှင့် ဂျပန်မြက်ပင်များကို စိုက်ပျိုးခဲ့ကြပြီး ပန်းခြံအတွင်း ယခင်နှင့်မတူ ပြည်သူအများအပန်းဖြေ စိတ်ကြည်နူးစေရန်နှင့် သန့်ရှင်းသာယာလှပစေရန် မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် လုပ်သားဝန်ထမ်းများနှင့်အတူ ပြင်ပလုပ်သားများက ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ပြင်ပလုပ်သားများပါ အဟာရဒါနအဖြစ် ခေါက်ဆွဲကြော်များ ပေးအပ်ဒါနပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)