အုတ်ဖိုမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များအား Software Program ထည့်သွင်းနိုင်ရေး သင်တန်းပို့ချ

အုတ်ဖို ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ထည့်သွင်းနိုင်ရေး သင်တန်းပို့ချခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့နယ်အတွင်း ဆောင်ရွက်ပြီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များအား အခြေခံ၍ တိကျမှန်ကန်သော အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ဖြစ်စေရေးအတွက် Program စနစ်တစ်ခုဖြင့် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားများ၏ ကိုယ်ရေး အကြောင်းအရာများကို သိရှိနိုင်ရန်လိုအပ်လာလျှင်လည်းကောင်း၊ မှန်ကန်တိကျသော အထောက်အထားများကို အမြန်ဆုံးသိရှိ အထောက်အကူဖြစ်စေရန်အတွက် အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) များအား Software Program ထည့်သွင်းနိုင်ရေး သင်တန်း ဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။ အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) များအား Software Program ထည့်သွင်းနိုင်ရေးသင်တန်းသို့ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သင်တန်းပို့ချပေးပြီး ဌာနဆိုင်ရာအသီးသီးမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများ (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ