ရေကြည် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုများကို ဇူလိုင်လ(၁၁) ရက်နေ့မှ(၁၇)ရက်နေ့ထိ သတ်မှတ်၍ ပြုလုပ်ဆောင်ရွက်လျှက်ရှိရာယမန်နေ့ နံနက် (၁၁)နာရီအချိန်က ရေကြည်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါက်တာဖြိုးအိအိစံနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများမှ သရက်ကုန်းကျေးရွာနှင့် အကယ်ကြီးကြို့ကုန်းကျေးရွာအတွင်းရှိ တိရစ္ဆာန်မွေးမြူသူ တောင်သူများ၏ နေအိမ်များ သွားရောက်ကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မွေးမြူသူတောင်သူများအား မွေးမြူးရေး တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ခွာနာလျှာနာရောဂါ၊အရေပြားအကျိတ်နာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါများအကြောင်း ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် တိရစ္ဆာန်ကူးစက်ရောဂါများ ဖြစ်ပွားပါက ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေးဆောင်ရွက်ခြင်း သဏ္ဌန်တူသရုပ်ပြခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)