ပြင်စလူ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လျှပ်စစ်မှူးရုံးတို့ပူးပေါင်း၍ လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ညနေ (၅)နာရီ အချိန်ခန့်က ကျင်းပခဲ့ ကြောင်းသိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အိအိမွန်က Online မှတဆင့် ပြည်သူလူထုအား အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်းပြောကြားခဲ့ပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မေးခွန်းများမေးမြန်းခဲ့ရာ မြို့လျှပ်စစ်မှူး ဦးအောင်မိုးဇော်က လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် သတိပြုရမည့်အချက်များအကြောင်း၊ လျှပ်စစ် ပစ္စည်းများကိုင် တွယ်အသုံးပြုရာတွင် သတိထားဆောင်ရွက်ရမည့်အကြောင်း၊ ဓာတ်လိုက်ခံရသူအား ရှေးဦးသူနာပြုစုနည်းများအကြောင်းနှင့် မိသားစုလျှပ်စစ်အန္တရာယ် ကင်းရှင်းရေးများအကြောင်းကို အကျယ်တ၀င့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။
ယောဧရာ (မြို့ပြန်/ဆက်)