လေးမျက်နှာမြို့နယ်တွင် တိရိစ္ဆာန်ရောဂါကာကွယ်ထိန်းချူပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်

လေးမျက်နှာ ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် တိရိစ္ဆာန်ရောဂါကာကွယ်ထိန်းချူပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ကတက်ကုန်းကျေးရွာအုပ်စု ရွာသစ်စုကျေးရွာ တိရိစ္ဆာန်အသက်ကယ်ကုန်းနှင့် ကတက်ကုန်း ကျေးရွာတို့တွင်  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်အောင်နှင့် တိရိစ္ဆာန်ကျန်းမာရေးလုပ်သား(CAHW)များပူးပေါင်း၍ သဏ္ဍာန်တူသရုပ်ပြခြင်း၊ ကျွဲနွားများအား ကာကွယ်ဆေးထိုးခြင်း၊ သရုပ်ပြပိုးသတ်ဆေးများဖျန်းခြင်း၊ ခြင်၊ ယင် နှင့် မွှား စသော (Vector)များရန်မှ ကာကွယ်ရန်အသိပညာပေးခြင်း၊ အရေပြားအကျိတ်နာရောဂါ(LSD)အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်း၊ ရောဂါနမူနာပစ္စည်းရယူရန် အစမ်းလေ့ကျင့်ခြင်းများကို အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိကျေးရွာများတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်အောင်နှင့် တိရိစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)များ ပူးပေါင်း၍ ဇူလိုင်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချူပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ကျော်ဟိန်း(ပြန်/ဆက်)