နတ်တလင်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊မြို့မ အ.ထ.ကကျောင်း၊ ပတ္တမြားခန်းမ၌ ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း ထူးချွန်ကျောင်းသား/ သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ နတ်တလင်းမြို့နယ်လက်ထောက်ပညာရေးမှူး ဦးထွန်းလှိုင် အမှာစကားပြောကြားခြင်း၊ မြို့မအ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဦးမှ အမှာစကား ပြောကြားခြင်း၊ ကျောင်းအကျိုးတော်ဆောင်ဦးရွှေလှိုင်မှ အမှာစကားများ အသီးသီးပြောကြား ခဲ့သည်။
ထို့နောက်မြို့မအ.ထ.ကကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ ခရိုင်အမျိုးသမီးရေးရာအသင်း ဥက္ကဋ္ဌဒေါ်ခင်ဝင်းမာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ငုံဖူးဝေနှင့် တာဝန်ရှိသူများမှ ထူးချွန်ကျောင်းသာ/သူများ ဂုဏ်ပြုဆုများသီးသီပေးအပ်ခဲ့ကြသည်။
အဆိုပါမြို့မ အ.ထ.ကကျောင်းတွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူကျောင်းသာ/သူ (၉၉)ဦး၊ အောင်မြင်သူ (၅၅)ဦးရှိပြီး ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး၊သုံးဘာသာဂုဏ်ထူးရှင်(၆)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၅)ဦးရှိကြောင်း မြို့မ အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဦးထံမှသိရသည်။
ဝေယံဖြိုး