တိရစ္ဆာန်​ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲများ၊ ကာကွယ်​​ဆေးထိုးခြင်းလုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်

ဝါးခယ်မ  ဇူလိုင်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​ကျေးရွာများသို့ ကွင်းဆင်း၍ တိရစ္ဆာန်​ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲများ၊ ကာကွယ်​​ဆေးထိုး လုပ်ငန်းများကို ယနေ့နံနက်  ၉ နာရီအချိန်တွင် ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသူဇာဝင်း ဦးဆောင်၍ ဝါးခယ်မမြို့နယ်မြို့မတိုက်နယ်ခွဲ တလိုင်းစုကျေးရွာ၊ အောက်သက္ကယ်ကျေးရွာနှင့် အထက်သက္ကယ်ကျေးရွာများသို့ ကွင်းဆင်း၍ ကျွဲ၊ နွား အရေပြား အကျိတ်နာရောဂါများ၊ ခွာနာလျှာနာရောဂါများ၊ အာဖရိကဝက်အပြင်းဖျားရောဂါများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ၊  လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ၊ Rapid Response Team (RRT)အဖွဲ့များဖြင့် သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)