လက်ပံတန်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက ရေကန်ကျေးရွာအုပ်စု မင်းလမ်းကျေးရွာတွင် ကျွဲ၊ နွား၊ ဝက် တိရိစ္ဆာန်များတွင် စီးပွားရေးအရ ထိခိုက်နိုင်သည့်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းနှင့် ဝန်ထမ်းများက ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် ကျွဲ၊ နွားအရေပြား အကျိတ်နာရောဂါ၊ ခွာနာလျှာနာရောဂါများ အပါအဝင် အာဖရိက ဝက်အပြင်း ဖျားရောဂါများနှင့်ပတ်သက်၍ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံနှင့် ရောဂါ ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေးဆွေးနွေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တိရိစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရပ်ကွက်ကျေးရွာအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)