တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

သနပ်ပင် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး၏ လမ်းညွှန်ချက်အရ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စီမံခန့်ခွဲမှုနှင့်အညီ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရှိ တိရစ္ဆာန်မွေးမြူသူများ ပူးပေါင်း၍ တိရစ္ဆာန်‌ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ် အသိပညာ‌‌ပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  မကြက်စုကျေးရွာ၌  ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် သနပ်ပင်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးအောင်က မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွား ကျရောက်ခြင်းမှကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအား  အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း ရောဂါဖြစ်ပွားမှု ပေါ်ပေါက်လာပါက အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအနေဖြင့် ရောဂါကာကွယ်/ ထိန်းချုပ်ရေးဆိုင်ရာ သဏ္ဍာန်တူ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားပြီး၊ ကျွဲနွားအရေပြားအကျိတ်နာရောဂါပိုစတာများ စိုက်ထူခြင်း၊  အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ကျွဲနွားခွာနာလျှာနာရောဂါ ကာကွယ်ရေးအသိပညာပေး   လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှမိုး