ညောင်လေးပင်မြို့နယ်တွင် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)များအား Software Programme ကွန်ပျူတာရေးသွင်းနည်းဆင့်ပွားသင်တန်းဖွင့်လှစ်

ညောင်လေးပင် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူမှုအင်အားဦးစီးဌာနမှ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)အား Computer Software ရေးသွင်းနည်းဆင့်ပွားသင်တန်းကို  ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ မြို့နယ်အထွေထွေဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆင့်ပွားသင်တန်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူအင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီလာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် ဌာနဆိုင်ရာမှ သင်တန်းသူသင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ကြပြီး အိမ်ထောင်စု စာရင်းပုံစံ(၆၆/၆)အား Computer Software ရေးသွင်းနည်းများ သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်