ဟုမ္မလင်းမြို့၌ တိရစ္ဆာန် ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ဟုမ္မလင်း ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်​တွင် "တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားရက်သတ္တပတ်" အစီအစဉ်အ​နေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ဟုမ္မလင်းမြို့ပေါ် /ရပ်ကွက်တွင် ကျွဲ ၊နွား၊ အရေးပြား အကျိတ်နာ ရောဂါ၊ အာဖရိကဝက် အဖျင်းဖျားရောဂါ အသိပညာပေးဆိုင်းဘုတ် များစိုက်ထူးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ဇူလိုင်လ(၁၁)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် တောင်ဘိုးလအုပ်စု၊ နောင်ကင်းနားအုပ်စု၊ အိုးဘိုးကတောက်၊ နန်းသညစ်ကျေးရွာ အုပ်စု ကျွဲ၊ နွား၊ ဝက်များ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဇူလိုင်လ(၁၁)ရက် နေ့မှ (၁၇)ရက်နေ့အထိ ရက်သတ္တပတ်အစီစဉ်ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာမင်းခန့်ဇော်နှင့်ဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီးကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)