အောင်လံခရိုင်၊ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၀) စက်မှုလယ်ယာစခန်းမှ Power Harrow (အဆင့်မြင့်ထွန်) ဖြင့် မြေယာပြုပြင်ခြင်း တောင်သူပညာပေး သရုပ်ပြပွဲ ကျင်းပ

အောင်လံ ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၁၀) စက်မှုလယ်ယာစခန်းမှ Power Harrow (အဆင့်မြင့်ထွန်) ဖြင့် မြေယာပြုပြင်ခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က ဂုံတောစံပြ ကျေးရွာတွင် ပြုလုပ်ခဲ့ရာ အမှတ် (၁၀) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့သည်။

အောင်လံခရိုင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁၀) စက်မှုလယ်ယာစခန်း ဦးစီးမှူး ဦးဟိန်းထက်အောင် ဦးဆောင်၍ ဝန်ထမ်းများနှင့် ဝါသီးနှံ Semi – Mechanized (၂)ဧက သုတေသနစမ်းသပ် စိုက်ပျိုးခြင်းလုပ်ငန်းစဉ်တွင် Power Harrow (အဆင့်မြင့်ထွန်) ဖြင့် မြေယာပြုပြင်ခြင်း တောင်သူပညာပေး သရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုသိန်း(ပြန်/ဆက်)