ဆားလင်းကြီးမြို့တွင် ပတ်ဝန်းကျင်သာယာလှပရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဆားလင်းကြီး ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် ပတ်ဝန်းကျင်သာယာ လှပရေးအတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အမှတ်(၁)ရပ်ကွက်ရှိ မင်းကန်ကြီး ကန်ဘေး ​မြေကွက်လပ်၌ ယမန်နေ့နံနက် (၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆားလင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးရန် သတ်မှတ်နေရာများတွင် စတင်နေရာယူစိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူ များနှင့်အတူ ဗန်ဒါ၊ မယ်ဇလီ၊ ကုက္ကို၊ စိန်ပန်း  ပျိုးပင်စုစုပေါင်း(၁၀၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ဆားလင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ  ပူးပေါင်း စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)