ပြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပသော မူးယစ်အန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပြည်    ဇူလိုင်   ၁၅

ပဲခူတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပသော မူးယစ်အန္တရာယ်အသိပညာပေးဟောပြောပွဲကို ပြည်မြို့ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း သုံးထပ်ဆောင်၌ ယနေ့နံနက် ()နာရီအချိန် က ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ပြည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ Grade- 8Grade- 9Grade-10 မှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပြီး၊ ရှေးဦးစွာယာဉ်ထိန်းရဲတပ်ဖွဲဝင်များနှင့် မူးယစ်ရဲတပ်ဖွဲဝင်များက အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်သူများအား အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးပြီး၊ ပြည်ခရိုင် မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က မိတ်ဆက်စကားပြောကြားသည်။ ၎င်းနောက် ဟောပြောပွဲစတင်ကျင်းပရာ အမှတ်(၂၀) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု၊ ရဲမှူးမြင့်သိန်းက လူကုန်ကူးမှုအကြောင်း အကျယ်တဝင့်အသိပညာပေး ဟောပြောသည်။

ယင်းနောက် အမှတ်(၃၇) မူးယစ်တပ်ဖွဲ့စု (ပြည်)၊ ဒုရဲမှူးကျော်လင်းထက်က မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကြိုးများအကြောင်း ရှင်းလင်းဟောပြောပြီး၊ အမှတ်(၁၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး၊ ဒုရဲမှူးဇော်လင်းသန့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အကြောင်းကို ကျောင်းသား/ကျောင်းသူကလေးများအား ရှင်လင်းဟောပြောသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူကလေးများအား ပြည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူ ကလေးများအား ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများဝေငှပေးခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)