တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းပြုလုပ်

တမူး ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် စာရေးဆရာ ကျွန်းစဥ်မြေစောခက်ရေးသားထားသည့် "​​ကြွေလုလု မျက်ရည်တွေက မျက်ဝန်းအိမ်ထဲမှာ" စာအုပ်မှ လယ်ကွင်းထဲက နှလုံးသားတစ်စုံ ခေါင်စဉ်ကြောင်းအရာဖြင့် ဖတ်ရှုခဲ့ကြပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများကို စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များက တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ တမူးမြို့ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တမူးခရိုင်ရုံးမှ ပြည်သူများ စာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိ​စေရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အမြင်သစ်များမျှဝေတတ်စေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရတနာ