သဲကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

သဲကုန်း ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အ.မ.က တပ်ကျောင်းနှင့်အ.မ.က ဆင်စွယ်ရ ကျောင်းတို့တွင် ယနေ့(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက  မြန်မာလူမျိုးတို့၏ မမေ့အပ်သည့် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် ဇူလိုင်လ (၁၉) ရက်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံများ၊ အာဇာနည် ခေါင်းဆောင်ကြီးများနှင့် အာဇာနည် စိတ်ဓာတ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ရုပ်ပုံစာအုပ်ဖြင့်ပုံပြင်ပြောခဲ့ပြီး ကျောင်းသား/ကျောင်သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီး( ၉ )ဦး၏ ကိုယ်ရေးသမိုင်း မှတ်တမ်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင် စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး