မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့၊ အထိမ်းအမှတ်  ပြပွဲ၊ ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲများကျင်းပ

မုံရွာ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့၊ အထိမ်းအမှတ် ဓါတ်ပုံပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲနှင့် အာဇာနည်နေ့ကဗျာ ရွတ်ဆိုပြိုင်ပွဲများကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 " ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့်  (၇၅)နှစ်မြောက် အာဇာနည်နေ့၊အထိမ်းအမှတ်  ဓါတ်ပုံပြပွဲ၊  အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊  အထက်တန်းအဆင့် ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲနှင့် အာဇာနည်နေ့ကဗျာ ရွတ်ဆိုပြိုင်ပွဲများကို ကျင်းပခဲ့တာဖြစ်ပြီး အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသားကျောင်းသူလေးများ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲများ အပြီးမှာ ဆုရရှိကြတဲ့ ကျောင်းသားကျောင်းသူလေးများကို ဆုချီးမြှင့်ပေးခဲ့ကြပါတယ်" ဟာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ရှင်းလင်းပြောပြပါတယ်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နေ့ထူးနေ့မြတ်များ၊ အခါကြီးနေ့ကြီးကြီးတွင် ကျောင်းသားကျောင်းသူလေးများ အသိပညာဗဟုသုတ တိုးပွားရရှိစေရေး၊ ကိုယ်ပိုင်ဖန်တီးလိုသော အလေ့အထကောင်းများရရှိစေရေး၊ စာပေကိုချစ်မြတ်နိုးသောစိတ်များ တိုးပွားစေရေး၊ စာဖတ်ရှိန်မြင့်မားရေးတို့အတွက် အခြေခံပညာကျောင်းများ၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်း၍ ပြပွဲပြိုင်ပွဲများ၊ ဆုချီးမြှင့်ပွဲများကို ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

 ခရိုင်ပြန်/ဆက်