ပခုက္ကူမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ ပြုလုပ်

ပခုက္ကူ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ (၇၅)နှစ်မြောက် အာဇာနည်နေ့နှင့် ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပ္ပတ္တိနှင့် နိုင်ငံ့လွတ်လပ်ရေး အတွက် ဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်၊ အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်ကြသည့် သခင်မြ၊ ဦးဘချို၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဆရာကြီးဦးရာဇတ်၊ ဦးဘဝင်းနှင့် ရဲဘော်ကိုထွေးတို့၏ ဘဝနှင့် နိုင်ငံရေးဆောင်ရွက်ချက်များ အစရှိသည့်တို့ကို စိတ်ဝင်စားဖွယ် ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်သဲဖြူနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း Grade-10 မှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၅၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရပြီး၊ ကျောက်ပန်တောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲများကိုလည်း ကျောင်းသား၊ ကျောင်းသူများ လေ့လာ ကြည့်ရှုနိုင်စေရန် စီစဉ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)