ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ် အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတ များကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ()နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ သည်။ ဆက်လက်ပြီး စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ပါ မှားမှာကိုမကြောက်ပါနဲ့ ဆောင်းပါးနှင့် လူမျိုးမြင့်ဖို့ စာဖတ်စို့ ဆောင်းပါးများကို  စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်းက အဖွဲ့ဝင် ဦးသိန်းမောင်နှင့် တက်ရောက်လာသည့် စာပေချစ်သူများက အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)