ပခုက္ကူတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ပခုက္ကူ ဇူလိုင် ၁၅

၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်တော့မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ ဟောပြောပွဲနှင့် အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ သမိုင်းဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်ဖြူဖြူသန်းက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပခုက္ကူတက္ကသိုလ်၊ သမိုင်းဌာန၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာအေးက ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်(၉)ဦးတို့၏ ဘဝဖြစ်စဉ်နှင့် နိုင်ငံရေးဆောင်ရွက်ချက်များ အကြောင်းတို့ကို ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပရာ ပခုက္ကူတက္ကသိုလ်၊ ဘာသာရပ်ဌာနပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသည့် ရုက္ခဗေဒအထူးပြုဌာနမှ တတိယနှစ်ကျောင်းသား မောင်စိုးသိန်းထက်အား တာဝန်ရှိသူများက ဆုပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)