ကသာ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၉) နာရီအချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ အဆိုပါကျောင်းတွင် တက်ရောက်ပညာ သင်ယူနေကြသည့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦး၊ အသက် (၁၂)နှစ်မှ အသက်(၁၇)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၂၄၀)ဦးတို့ကို ဆေးထိုး အုပ်စုများခွဲကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးကြောင်း၊ ကာကွယ်ဆေးထိုးနှံရာ တွင် ခရိုင်ကျန်းမာရေး ဝန်ထမ်းများနှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ် မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား Sinopharm ကာကွယ်ဆေးကို လည်းကောင်း၊ အသက် (၁၂)နှစ်မှ အသက်(၁၇)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား Myancopharm ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)