ပဲခူး ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းမှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ သပြေကုန်းဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအတွက် ဆေးဝါးများနှင့် အာဟာရမုန့်များ သွားရောက် လှူဒါန်း ပေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့သည် သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွား(၂၇)ဦးအား ဆေးဝါးများ၊ အာဟာရမုန့်များ လှူဒါန်းပေးခဲ့ကြသည့်အပြင် နေ့လယ်စာထမင်းနှင့် ဟင်းများကိုလည်း လှူဒါန်း ကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့သည် ကျိုက်ပွန်ဇေတဝန် ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး သင်္ကန်းနှင့် စာရေးကိရိယာ၊ ဗလာစာအုပ်များ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)