ရွှေဘို ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရွှေဘိုမြို့အထက(၃)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကာလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက(၃)ကျောင်းအုပ်ဆရာကြီးဦးရွှေစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန် ကလူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓါတ်မြင့်မားရေးဆွေးနွေးဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နိုင်နိုင်ဝင်းက အားကစားပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာနည်းစနစ်များ၊ ဘော်လီဘောကစားခြင်းဆိုင်ရာနည်း စနစ်များ၊ ပြေးခုန်ပစ်ဆိုင်ရာနည်းစနစ်များ၊ စစ်တုရင်ကစားခြင်းနည်းစနစ် များ၊ စားပွဲတင်တင်းနစ် ကစားနည်းစနစ်များအား အသိပညာပေး ဟောပြောကြားခဲ့ပြီး တာဝန်ရှိသူများက Physical Fitness Dances အက လှုပ်ရှားမှုများဖြင့် လူငယ်များကျန်းမာကြံ့ခိုင်ပြီး၊ အားကစားလိုက်စားလို စိတ်ရှိစေရန်ရည်ရွယ်၍ သရုပ်ဖေါ်ကပြခဲ့ကြ ကာ အားကစားပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)