ကလိန်အောင်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်ရှိ‌ဈေးဆိုင်များသို့ အိမ်တိုင်ရာရောက်( Mobile)စနစ်ဖြင့် စာအုပ်များငှားရမ်းပေး

ကလိန်အောင်  ဇူလိုင် ၁၅

စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတတ်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မီးသတ်ဦးစီးဌာနရုံးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များသို့အိမ်တိုင်ရာရောက်(Mobile)စနစ်ဖြင့် သုတ/သရစာအုပ်များ အခမဲ့သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၂)နာရီက ဆောင်ရွက်ခဲ့သည်။

ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိပြည်သူများအား စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန် အချိန်ကိုအကျိုးရှိရှိ အသုံး ပြုတတ်စေရန်၊ စာအုပ်စာ‌ပေမှရရှိသော အသိပညာ၊ အတတ်ပညာများ တိုးပွားလာစေရန်စာအုပ်များဖတ်ရှုရ၍ စာကြည့်တိုက်နှင့် ရင်းနှီးမှုရရှိလာစေရန်ရည်ရွယ်၍ သုတ/ရသစာအုပ်များအား အခမဲ့သွားရောက်ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့