စစ်ကိုင်း ဇူလိုင် ၁၅
စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပါအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်၊ အာဇာနည်နေ့ ဟောပြောပွဲကို ဇူလိုင်(၁၅)ရက်၊ နံနက်(၁၁)နာရီက အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲကို အထက်တန်းပြဆရာတစ်ဦးက ကျောင်းသား/ ကျောင်းသူများအား အာဇာနည်နေ့ သမိုင်းကြောင်းအဆင့်ဆင့်တို့ကို ဟောပြောပေးပြီး အလားတူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း သက်ဆိုင်ရာ ဆရာ/ဆရာမများက ကျောင်းသား/ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ ယခုအခါ(၇၅)နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့၍လည်း ကျောင်းသား/ ကျောင်းသူများ၊ ပြည်သူများက အာဇာနည်ခေါင်းဆောင်ကြီးများအား ယနေ့တိုင်မမေ့ရက်နိုင်ကြကြောင်း စသည်ဖြင့် အသီးသီး ဟောပြောပေးခဲ့ကြသည်။
အဆိုပါဟောပြောပွဲများသို့ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသူများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် အမှတ်(၁)အခြေခံပညာအထက်တန်းမှ ကျောင်းသား/ ကျောင်းသူလေးများအား စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)