လှိုင်းဘွဲ ဇူလိုင် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်း၊ မြို့နယ်သမဝါယမ အသင်းလီမိတက်အသင်း အတွင်းရေးမှူး ဦးမြသွေးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်တို့က အာဇာနည်အကြောင်း သိကောင်းစရာများ၊ အာဇာနည် ခေါင်းဆောင်ကြီးတို့၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊ အတုယူဖွယ်ရာ စိတ်ဓါတ် များကို အသိပညာပေးဟောပြောခဲ့ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်နေ့နှင့် ပတ်သက်၍ စာအုပ်စာစောင်များ ပြသခြင်း၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းနှင့် ဆုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
စောဒိ( ပြန်/ဆက်)