ဒေးဒရဲမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲများကျင်းပ

ဒေးဒရဲ ဇူလိုင် ၁၅

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်သိမ့်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာ အထက်တန်းပြ ဆရာမ ဒေါ်ဝင်းစန္ဒာစိုးက အာဇာနည်နေ့ ဖြစ်ပေါ် လာပုံနှင့် ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတုယူဖွယ်၊ မှတ်သားဖွယ်ရာ များကို ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့်  ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့ အခမ်း အနားတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း