ဝါးခယ်မ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က ကျွန်းကုန်းကျောင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးရာသီအားကစားသင်တန်းများတွင် အမျိုးသား၊ အမျိုးသမီ ဘောလုံးသင်တန်းနှင့် ပြေးခုန်ပြစ် သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယူ-၁၆ အမျိုးသားဘောလုံးအသင်းတွင် ၄၅ ဦး၊ ယူ-၁၈ အမျိုးသမီး ဘောလုံးအသင်းတွင် ၃၀ ဦး၊ အမျိုးသား ပြေးခုန်ပစ်အသင်းတွင် ၁၅ ဦးနှင် အမျိုးသမီး ပြေးခုန်ပစ်အသင်းတွင် ၁၀ ဦး ပါဝင်သင်ကြားလျက်ရှိကြောင်း သိရသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဝါးခယ်မမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ် သင်ကြားသည့် ၂၀၂၂ ခုနှစ် မိုးရာသီအားကစားသင်တန်းကို ၁-၇-၂၀၂၂ ရက်နေ့မှ ၁၅-၇-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး မြောင်းမြခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဦးခင်စိုးမှ မိုးရာသီအားကစားသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ (ပြန်/ဆက်)