ကဝ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို (၁၁.၇.၂၀၂၂)ရက်နေ့မှ (၁၇.၇.၂၀၂၂)ရက်နေ့အထိ ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ ယမန်နေ့နံနက်ပိုင်း က ကြာတောကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှု ပြုလုပ်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာ ကျော်ဇာနည်အောင် က တိရစ္ဆာန်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ခွာနာလျှာနာရောဂါ၊ အရေးပြားအကျိတ်နာရောဂါ၊ အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ အသိပညာပေးပိုစတာ စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့် တိရစ္ဆာန် ကျန်းမာရေးလုပ်သားများဖြင့် ဖွဲ့စည်းထားသော အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး၊ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သန်းသန်းဝင်း(ပြန်/ဆက်)