ပလောက် ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Centre) တွင် ယမန်နေ့ညနေ (၃) နာရီခွဲက (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့ဦးစီးမှူးဒေါ်နှင်းမြူလွင်က အာနည်နေ့ဖြစ်ပေါ်လာပုံ၊ ၁၉၄၇ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျဆုံးခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး၏ သမိုင်းကြောင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာပြည်ကို ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲ၍ သိမ်းပိုက်ခဲ့ပုံ၊ လက်နက်၊ လူအင်အားမမျှခြင်း၊ စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့် နယ်ချဲ့တို့က နှစ်ပေါင်း (၁၀၀) ကျော်အုပ်ချုပ်ခဲ့ပြီး ကျွန်ဘဝကျရောက်ခဲ့ကြောင်းများကို အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြသထားသော နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)