ကံမ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံတို့အား ဟောပြောခဲ့ပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း (ကံမ)