နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့  ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌  ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေက ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် ပြည်သူတွေ့ရဲ့ ရင်ထဲမှာ ဘာကြောင့် လွမ်းတသသဖြစ်နေခဲ့တာလဲ၊၊ ဘာကြောင့် ယနေ့အထိတိုင် ဦးညွှတ် အလေးပြုကြရတာလဲဆိုသော အကြောင်းအရာများကို ကျောင်းသား/သူများ သိရှိနားလည် သဘောပေါက်စေရန် ဟောပြောဆွေးနွေးခဲ့ပြီး၊ အလယ်တန်းပြဆရာ ဦးဇော်တိုးအောင်က “အာဇာနည်ဆိုတာဘာလဲ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ/မနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

လှဝင်း