မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅) နှစ်မြောက်အာဇာနည်နေ့ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မော်လမြိုင်ကျွန်း ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အသိပညာပေး ဟောပြောပွဲ၊  နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲအား ယနေ့နံနက် ၁၁ နာရီအချိန်က နတ်မင်းကြီးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ကျင်းပသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် နတ်မင်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လင်းလင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးကာ(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်က မိုးရာသီတွင် ဖြစ်ပွားတတ်သောရောဂါများနှင့် ရောဂါလက္ခဏာများအကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ (၇၅) နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသော ကျောင်းသားကျောင်းသူလေးများအား တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)