ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းပြုလုပ်

ဖြူး ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာရေးဆရာ လောကသစ္စာ၏ သင်အားငယ်တိုင်းဖတ်ဖို့စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက စာရေးဆရာလောကသစ္စာ၏ သင်အားငယ်တိုင်းဖတ်ဖို့ စာအုပ်အား ဆွေးနွေး သုံးသပ်ချပြသည်။ ထို့နောက် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက ဖတ်ကြားဆွေးနွေးရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တိုတောင်းလှတဲ့ဘဝလေးခေါင်းစဉ်အား ဖတ်ကြားကာ ပြန်လည်ဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဖြူးမြို့နယ် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ လူငယ်များ၊ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အဆိုပါ စာအုပ်တွင်ပါရှိသော သင့်ဘဝမှာ အခက်အခဲတွေကို အောင်မြင်ချင်ရင်၊ တခွန်းထဲသော ဆုံးမ စကား၊ ကိုယ့်ဘဝကို ချစ်ခင်လာစေဖို့စသည့် စိတ်ဓာတ်ခွန်အားဖြစ်စေသော ခေါင်းစဉ်အလိုက် ဖတ်ကြားခြင်း၊ ဆွေးနွေးခြင်း၊ မေးမြန်းခြင်းများ ဆောင်ရွက်ကြရာ တက်ရောက်လာကြ သူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်