ပုလော ဇူလိုင် ၁၅
ပုလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိ ပညာပေး ဟောပြောပွဲ၊ ပြပွဲ/ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အတုယူလေးစာဖွယ် ဘိုးဘွားတို့၏ စိတ်ဓာတ်အမွေခံနှင့် ဒုတိယဦးစီးမှူ ဒေါ်အေမီလှိုင်က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့သည်။
ယင်းနောက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး ပထမ/ ဒုတိယ/တတိယ ဆုရကျောင်းသား/သူများကို တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိတဲ့ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့် မိန့်ခွန်းများနှင့် ဆောင်းပါးများ၊ ကဗျာများနှင့် သုတ/ရသစာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)