ကလိန်အောင် ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ ရောက်ရှိမည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများ၊ နေ့ထူးနေ့မြတ်ရက်များကို သိရှိစေရန် ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများကို ဖတ်ရှုကြပြီး နေ့ထူးနေ့မြတ်ရက်များကို တန်ဖိုးထားတတ်စေရန်နှင့် စာဖတ်ပရိတ်သတ်များ တိုးပွားလာစေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်စသည့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောပြခဲ့ပြီး ပြိုင်ပွဲကို အ-ထ-က၊ ကလိန်အောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)