ကျောက်တံခါး ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် အစီအစဉ်အရ ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ကျွဲနွားများအား လည်ချောင်းကွဲရောဂါနှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးထိုးနှံခြင်းများအား ယနေ့နံနက်ပိုင်းက ဂနက်ကျေးရွာအုပ်စု၊ မူခရမ်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းနုလွင်က ကျွဲနွားများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးများကို စနစ်တကျ ကြိုတင်ထိုးနှံထားခြင်းဖြင့် မွေးမြူရေးတောင်သူများ အကျိုးအမြတ်များဖြစ်ထွန်းကာ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် တိုးချဲ့မွေးမြူလာကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)