ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် အသိပညာပေးဟောပြောပွဲကျင်းပ

ကော့ကရိတ် ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က အဆိုပါရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်လေးနွယ်က လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်နှင့် ၄င်း၏ မျိုးစိတ်အသစ်များကာကွယ်ဖို့ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံကြရေး၊ အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေး၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရေး စသည်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ-ထ-က ချောင်းတောင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာမ(၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်၊ပြန်/ဆက်)