မင်းလှမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ မြို့နယ်အဆင့် ရွေးချယ်ပွဲ ကျင်းပ

အထက်မင်းလှ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မြို့နယ်အဆင့်ရွေးချယ်ပွဲကို ယမန်နေ့ နေ့လယ် ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၂-ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက်    ခရိုင်အဆင့်၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဇူလိုင်၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ် သည့်အတွက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ ရွေးချယ်ပွဲကျင်းပပြုလုပ် ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်သဘင်အစည်းရုံးဥက္ကဋ္ဌ ဦးတင်သိန်းက မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ ရွေးချယ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝါသနာရှင် ပထမတန်း အဆိုပြိုင်ပွဲဝင် အမျိုးသမီး(၁)ဦး၊ အသက်(၁၅)နှစ်မှ (၂၀)နှစ်အတွင်း အဆိုပြိုင်ပွဲဝင် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်း အဆိုပြိုင် ပွဲဝင်အမျိုးသမီး(၁)ဦးတို့က အသီးသီးယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)