စုကလိ ဇူလိုင် ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် ၇၅ နှစ်မြောက်အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအား ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်မှ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအကြောင်းတို့ကို ရှင်းလင်းပြောပြပြီးနောက် စုကလိမြို့ အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးခန့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
ထို့နောက် မေးခွန်းများ ဆက်လက်မေးမြန်းပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသားများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ တာဝန်ရှိသူတစ်ဦးမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ပိုပိုအောင်