မြန်အောင် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယနေ့ နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြန်အောင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မြင့်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင်ဦးစီးမှူး တင်မြိုင်တို့က မိတ်ဆက်စကား ပြောကြား ခဲ့ကြသည်။ အခမ်းအနားတွင် မြန်အောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ချစ်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက တစ်ဦးချင်း မိတ်ဆက်၍ ဌာန လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၇/၂၀၂၂ ပထမလဝက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပ ပြုလုပ်ရာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ၊ ရပ်ကွက်/ ကျေးရွာများ သန့်ရှင်းသာယာလှ ပရေး၊ ရုံးများသန့်ရှင်း သာယာလှပရေးလုပ်ငန်းများ၊ နေကြာစိုက်ပျိုးမှု အောင်မြင်ရေးစသည့် မြို့ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)