စုကလိမြို့တွင် (၇၅) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်အသိပညာပေး Talk Show ပြုလုပ်

စုကလိ ဇူလိုင် ၁၅

မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် Talk show  အား ယနေ့နံနက် ၁၀ နာရီအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် အာဇာနည်နေ့ပေါ်ပေါက်လာပုံအကြောင်း အာဇာနည်ကိုးဦးတို့၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း ဗိုလ်ချုပ်နှင့်အတူ လွတ်လပ်ရေးကြိုးပမ်းကြပုံများ၊ နောင်လာနောက်သားများအနေဖြင့် မိမိတို့ကိုယ်တိုင် အာဇာနည် စိတ်ဓာတ်မွေးမြူတက်ကြစေရန်တို့ကို ဆွေးနွေးပေးခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show အားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်နှင့် အငယ်တန်းစာရေးအင်အားပြ ဦးကိုကိုအောင်တို့မှ ဆောင်ရွက်ပေးခဲ့ပြီး We love Sukali Page တွင် အချိန်နှင့်တပြေးညီ ထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပိုပိုအောင်