ရွှေတောင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ တရုတ်မှော် ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ယမန့်နေ့နေ့လယ်ပိုင်းက ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်တင်တင်ချိုက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ ပြီးပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဒေါ်မေသဇင်က မုန်တိုင်းဘေးအန္တ ရာယ်အကြောင်းဟောပြောခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ငလျင်ဘေး၊ ဆူနာမီဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေးစသည့် ဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်၊ ရှောင်ရန်နှင့် သိရှိလိုက်နာဆောင်ရွက်ကြရမည့် အချက် အလက်များကို ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများနှင့် လက်တွေ့သရုပ်ပြသခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူ့အကျိုးပြု ပြည်သူ့ဝန်ဆောင်လုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း