ပန်းတနော် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီက မြစ်ကမ်းနှင့်နီးသော ထိန်ကုလားကုန်းကျေးရွာ အုပ်စု သောင်ဂုတ်ကျေးရွာရှိ နေအိမ် (၃) လုံး ကြိုတင်ပြောင်းရွှေ့ခဲ့ရသည်။
ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် သောင်ဂုတ်ကျေးရွာရှိ နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စု၊ လူဦးရေ (၁၈)ဦးတို့သည် ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့်ဆွေမျိုး သားချင်းများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့် မြေကွက်ပေါ်သို့ ကြိုတင်ပြောင်းရွှေ့ကာ နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူ များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)