သံတောင်ကြီး ဇူလိုင် ၁၆
ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများ အဆင်ပြေစေရန်အတွက် စီမံကိန်းကျေးရွာ (၁၁) ရွာရှိ ကောင်မတီဝင်များနှင့် လုပ်ငန်းများဆောင်ရွက်ပေးမည့် ကုမ္ပဏီများတွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာများတွင် ဆောင်ရွက်မည့် ကျေးရွာရေရှိရေး၊ ကျေးလက်ကုန်ထုတ်လမ်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့်လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးအတွက် ယခုကဲ့သို့ ခေါ်ယူတွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် စီမံကိန်းကျေးရွာ (၁၁) ရွာမှ ကော်မတီများနှင့် လုပ်ငန်းများဆောင်ရွက်ပေးမည့် ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများ လမ်းပန်းဆက်သွယ်ရေးအခြေအနေများအား ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ