ဝါးခယ်မ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ အ.မ.က ကျောင်းတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဝါးခယ်မမြို့နယ် စားသုံးသူကာကွယ်ရေးဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီမှူး ဦးအောင်မိုး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက် ခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီမှူး ဦးအောင်မိုးမှ စားသုံးရန်မသင့်သည့် အစား အစာများ၊ ကုန်အညွှန်းအမှတ်အသားပါဝင်သည့် အစားအစာများကိုသာ စားသုံးရန်၊ ဆိုးဆေးပါသည့် အစား အစာများကို ရှောင်ကျဉ်ရန်၊ ဒိတ်လွန်သည့် အစားအစာများ၊ ဆိုးဆေးများစွာ ပါဝင်သည့် အချိုရည်များကို ရှောင်ကျဉ်ရန်နှင့် ကျန်းမာရေးနှင့် ညီညွှတ်သည့် အစားအစာများ ဖြည့်စွက်စာများကို ပိုမိုစားသုံးရန် ရှင်းလင်း ပြောကြားကာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းဝန်းအတွင်းရှိ မုန့်ဆိုင်များအား ရောင်းချရန်မသင့်သည့် အစားအစာများ၊ မုန်းများ၊ အချိုရည်များ၊ ဆိုးဆေးများစွာပါဝင်သည့် မုန်းအချိုများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့် မညီညွတ် သည့် မုန့်များ၊ အစားအစာများကို မရောင်းချရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)